အိုဘားမား၏ အကြံပေးများ အီရတ်စစ်အတွက် ဗျူဟာများချမှတ်ရန် ဆွေးနွေး
အမေရိကန် ရွေးကောက်ပွဲများမပြုလုပ်မီ ၀ါရှင်တန်တွင် နှစ်ပါတီတို့ပူးပေါင်း၍ အီရန်နိုင်ငံအပေါ်သို့ ရန်လိုသည့် အပြုအမူရှိသည့် မဟာဗျူဟာချမှတ်ထားရှိမှု ကိုနယူးယောက်တိုင်းသတင်းစာက သတိရှိစွာညွှန်ပြခဲ့သည်။ နောက်ကွယ်တွင် အိုဘားမားနှင့် မက်ကိန်းတို့၏အဖွဲ့များမှ ထိပ်တန်းအကြံပေးတို့က သံတမန်ရေးရာ ဖိအားပေးမှုများကို များစွာပြုလုပ်ရန်နှင့် အီရန်နိုင်ငံအပေါ်ပြစ်ဒဏ်ချအမိန့်များကို စစ်ရေးတိုက်ခိုက်မှုကျော ထောက်နောက်ခံပြုရေးများပါဝင်သည့် ပြင်ဆင်လုပ်ဆောင်မှုများကို ဆွေးနွေးခဲ့ကြသည်။ အီရန်နှင့် ပက်သက်၍ ဘာလုပ်မည်လဲဟူသည့် ခေါင်းစဉ်တွင် အထိတ်တစ်လန့်ဖြစ်စေမှုနှင့် ကြောက်စရာအသိပေးများပါဝင်သည် ဖြစ်သော်လည်း ဘုရှ် အစိုးရ၏ ပစ်ခတ်တိုက်ခိုက်ရေးအစီအစဉ် များအား ဆွေးနွေးခြင်းမဟုတ်ဘဲသဘောတရား ရေးအရ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်စီမံကိန်းကို ရပ်စဲစေရန် စစ်ရေးအရ အရေးယူနင်ပုံကို ဆွေးနွေးခဲ့ကြဖြစ်သည်။အမေရိကန်မဲဆန္ဒရှင်တို့၏ နောက်ကွယ်တွင် သမ္မတအဖြစ်ရွေးချယ်ခံရပြီးသူ အိုဘားမား၏ ထိပ်တန်းအကြံပေးများက အစိုးရသစ်ဖြစ်ပေါ်လာသည်နှင့် ရုတ်တရက်အီရန်နှင့် ရင်ဆိုင်ရရေး ပြုလုပ်နိုင်ရန်ပြင်ဆင်ထားခဲ့ကြသည်။
ဝါရှင်တန်အခြေစိုက်အကြံပေးအဖွဲ့ဖြစ်သည့်နှစ်ပါတီမူဝါဒရေးရာဌာနမှ စက်တင်ဘာလတွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းရှိသော အီရန်နိုင်ငံအား အဟာဗျူဟာအရ လက်ခံနိုင်ခြင်းမရှိကြောင်းဖော်ပြခဲ့ပြီး သံတမန်ရေးရာနည်းလမ်းစီးပွားရေးနှင့် စစ်ရေးတို့ကိုပေါင်းစပ်ထားသည့် ပုံစံဖြင့်အင်အား ရှိသည့် ချဉ်းကပ်ရေးနည်းလမ်းများကို အသေးစိတ်ဖော်ပြထားသည်။
0 comments:
Post a Comment