အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အား စစ်ရေးအရ အရေးယူနိုင်မည့်နည်းလမ်း
နှောင့်နှေးနေသည့် အီရန်နိုင်ငံ၏နျူကလီးယား စီမံကိန်းအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်မှုကို စွန့်လွှတ်ပယ်ဖျက်ခြင်းမပြုရန် အစ္စရေး ကာကွယ်ရေးဝန်ကြီးအီဟွတ်ဘာရက်က အမေရိကန်အစိုးရသို့ တောင်းဆိုလိုက်သည်။ အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်နှင့် သောကြာနေ့ကတွေ့ဆုံရာ၌ ဘာရက်ကအီရန်နိုင်ငံသည် နျူကလီးယားလက်နက်ကို ကြိုးစား၍ ထုတ်လုပ်နေဆဲဖြစ်ကြောင်း အစ္စရေးကယုံကြည်သည်ဟူ၍ ပြောကြားခဲ့သည်။နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်NPTကိုလက်မှတ်ရေး ထိုးထားသည့် အီရန်နိုင်ငံကမူ အစ္စရေးထိုးထားသည့် အီရန်နိုင်ငံကမူအစ္စရေး၏ ပြောကြားချက်များကို ငြင်းပယ်လိုက်ပြီး နျူကလီးယားနည်းပညာကို အရပ်ဘက်တွင်အသုံးပြုရေးအတွက်သာ ဦးတည်လုပ်ဆောင်နေကြောင်း အခိုင်အမာပြောကြားခဲ့သည်။
အမေရိကန်၏ ၄၄ဦးမြောက်သမ္မတအဖြစ်ရွေးချယ်ခြင်းခံရသူအထက် လွှတ်တော်အမတ်ဘာရက်အိုဘားမား က အီရန်နိုင်ငံနှင့်နျူကလီးယားအငြင်းပွားမှုကို ဖြေရှင်းရန်တွေ့ဆုံ ဆွေးနွေးသွားမည်ဟူ၍ ဂတိပေးခဲ့သည်။
ကြာသပတေးနေ့စောစောပိုင်းတွင် အိုဘားမား၏ အီရန်နိုင်ငံဆိုင်ရာ မူဝါဒနှင့်ပက်သက်၍ အီဟွတ်ဘာရက်က မိမိတို့မည်သည့် နည်းလမ်းကိုမျှ ပယ်ဖျက်မည်မဟုတ်ကြောင်း၊ အခြားသူများကိုလည်း မစွန့်လွှတ်ရန် မိမိတို့ ပြောကြားလိုကြောင်း ပြောကြားခဲ့ပြီးအီရန်နှင့် အမေရိကန်တို့ပြန်လည်သင့်မြတ်ရေးအလား အလာများကို အစ္စရေးက ဆန့်ကျင်ကြောင်းလေးနက်စွာဖော်ပြခဲ့သည်။ ယင်းမှာ အစ္စရေး၏ အိုဘားမားအစိုးရနှင့် ပထမဆုံးညီညွတ်မှုကို ဖော်ပြလိုက်ခြင်းဖြစ်သည်။
ကာဒီမာခေါင်းဆောင်အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဇစ်ပီလစ်ဗ်နီက အီရန်အစိုးရနှင့် ဆွေးနွေးခြင်းကို အားနည်းမှု ဟုအဓိပ္ပာယ် ဖောရမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံအားထိရောက်သည့် ပြစ်ဒဏ်များချမှတ်၍ ဆက်လက်ဖိအားပေးနေရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။လစ်ဗ်နီက အစ္စရေးရေဒီယိုတွင် ပြောကြားရာ၌ အမေရိကန်အစိုးရက ဆက်လက်၍ မက်လုံးများနှင့် ပြစ်ဒဏ်များပေးသည့် ချဉ်းကပ်ပုံကိုလုပ်ဆောင် သွားသင့်သည်ဟုပြောကြားခဲ့သည်။ အီရန်ပြဿနာတွင် အောင်မြင်မှုမရခဲ့သည့် သမ္မတဘုရှ်၏ မူဝါဒများကို ပြောင်းလဲပစ်ရန်အိုဘားမားက ဂတိပြုခဲ့သည်။
0 comments:
Post a Comment