
မစ်ချယ်လီအိုဘားမားသည် ဤသီတင်းပတ်တွင် ကျင်းပမည့်မဟာဗျူဟာအစည်းအဝေးကို တက်ရောက်မည် မဟုတ်ပေ။ သို့သော်လည်းနောက်ဖြစ်လာမည့် သမ္မတကတော်သစ်သည်ဝါရှင်တန်သို့ သူမ၏ခင်ပွန်းရှိသည့် နေရာသို့လိုက်ပါ၍ စာရင်းများပြုစုရမည်၊ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့က ငှားရမ်းပေးသည့် အိမ်ဖြူတော်လုပ်ငန်းဆိုင်ရာများဆောင်ရွက်ပေးသူက မစ်ချယ်လီအိုးဘားမားကို ကူညီပေးမည် ဖြစ်သည်။ ထိုသူကပင် အိမ်ဖြူတော်ပြန်လည်ပြုပြင်ရေးနှင့်သန့်ရှင်းရေးများဆောင်ရွက်ပေးမည် ဖြစ်သည်။ သို့သော်လည်းနိုင်ငံတော် ညစာစားပွဲကျင်းပရန်အတွက် လူမှုရေးဆိုင်ရာ အတွင်းရေးမှူးကိုခန့်ထားရမည်ဖြစ် သည်။ Vogueမဂ္ဂဇင်းက မျက်နှာဖုံးတွင် သူမလုပ်ရမည့်လုပ်ငန်းများဖော်ပြထားသည်။ သမ္မတအဖြစ်အရွေးချယ်ခံရသော အိုဘားမား၏ တာဝန်လွှဲပြောင်းရယူရေးကာလတွင် သူ၏ ဇနီးသည် လူမြင်ကွင်းမှရှောင်ရှားလိုသော လော်ရာဘုရှ်ကဲ့သို့ နေမည်လောဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ သမ္မတက တော်သစ်သည် သူမ၏ခင်ပွန်းထက်လစာများ သောအဆင့်မြင့်ရှေ့နေတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူမက စစ်ဘက်ရေးရာများ အကြံပြုသည့်လုပ်ငန်းနှင့်သက်ဆိုင်သော အိမ်ဖြူတော်၏ အခန်းကဏ္ဍမှ ရှောင်ကွင်းနေမည်ဟု ပြောကြားခဲ့သည်။
0 comments:
Post a Comment