၂၀၀၈ခုနှစ် ၊ နိုဝင်ဘာလ(၄)ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ၌ အမေရိကန်ပြည်သူတို့ မဲထည့်ရန် အသုံးပြုခဲ့သော စနစ်(၅)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မဲပြားပေါ်မှစာကို(စကန်)ဖတ်ခြင်း----- မိမိမဲပြားအား စက်ထဲတွင်ထည့်လိုက်ပါက အလိုအလျောက် စာရင်းဝင် မှတ်သားသည့်စနစ်ဖြစ်သည်။

၂။ အီလက်ထရောနစ်စံနစ်ဖြင့်မဲထည့်ခြင်း----- မဲထည့်သူသည် မိမိ၏မဲပြားဖြင့် မှန်သားပြင်ကိုထိခြင်း (သို့မဟုတ်) ခလုတ်နှိပ်ခြင်းဖြင့် မဲထည့်နိုင်သည်။

၃။ စာရွက်ဖြင့်မဲထည့်ခြင်း----- မိမိကြိုက်နှစ်သက်သော ကိုယ်စားလှယ်ကို အမှတ်အသားပြု၍ ထည့်သောမဲစာရွက်ကို လက်ဖြင့်ပင် ရေတွက်စစ်ဆေးသော စနစ်ဖြစ်သည်။

၎။ မောင်းတံဆွဲ၍မဲပေးခြင်း----- မဲပေးသူက မဲပုံး၏ မောင်းတံကိုဆွဲ၍ မိမိကြိုက်နှစ်သက်သော ကိုယ်စားလှယ်၏ အမည်ကို မှတ်သားနိုင်ရာ နယူးယောက်ပြည်နယ် တစ်ခုတည်း၌သာ လက်ရှိအသုံးပြုလျက်ရှိသည်။

၅။ ဖောက်စက်ဖြင့်မဲပေးခြင်း----- မိမိကြိုက်နှစ်သက်သော ကိုယ်စားလှယ်၏ အမည်နှင့်ယှဉ်၍ ဖောက်စက်ဖြင့် စက္ကူပေါ်ဖိနှိပ်၍ မဲထည့်ခြင်းကို လက်ဖြင့်ပင် မဲရေတွက်စစ်ဆေးသည်။ အိုင်ဒါဟိုပြည်နယ်၏ မြို့နယ်(၁၂)ခုတွင်သာ အသုံးပြုလျက်ရှိသည်။