ဂျီ-၂၀ဆွေးနွေးပွဲသည် အချိန်ဖြုန်းခြင်းသာဟု ချားဗက်ဇ် ပြောကြား
ကမ္ဘာ့ဘဏ္ဍာရေး ပြိုကွဲရခြင်းကိစ္စအတွက် ၀ါရှင်တန်တွင် လက်ခံကျင်းပသော ကမ္ဘာ့ခေါင်းဆောင်များ၏ အရေးပေါ်စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသည် အချိန်ဖြုန်းတီးနေခြင်းသာဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်က ပြောကြားသည်။
ဆွေးနွေး
ဂျီ-၂၀အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် နိုဝင်ဘာ၁၄ရက်က ၀ါရှင်တန်မြို့သို့ ရုတ်တရက် ရောက်ရှိစုဝေးကာ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာစေရေးအတွက် နည်းလမ်းများကို စတင်ဆွေးနွေးလျက်ရှိကြသည်။
ချာဗက်ဇ်က သူသည် ဆင်းရဲသော နိုင်ငံများမှ ခေါင်းဆောင်များကို စီးပွားရေးပြဿနာများ ဆွေးနွေးရန်အတွက် ကာရာကပ်စ်မြို့သို့ ဖိတ်ကြားရန် စီစဉ်နေကြောင်း ပြောကြားသွားသည်။
0 comments:
Post a Comment