အိုဘာမား အထက်လွှတ်တော်အမတ် ရာထူးစွန့်လွှတ် သမ္မတတာဝန် ထမ်းဆောင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ
အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသူ အိုဘားမားက အိမ်ဖြူတော်ဝန်ထမ်းများအား ခန့်အပ်ကာ သူ၏ အသွင်ကူးကာလ လုပ်ငန်းဆောင်တာများကို အာရုံစိုက်ဆောင်ရွက်ရန် နိုဝင်ဘာ၁၆ရက်က အမေရိကန်အထက်လွှတ်တော်အမတ်ရာထူးကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။
ကျေးဇူးတင်
အိုဘားမားသည် ၄င်း၏ဘ၀အောင်မြင်မှုကို အစပျိုးပေးခဲ့သည့် အီလီနွိုက်ပြည်နယ်မှ ပြည်သူပြည်သားများအားလည်း အမြဲထာဝရ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ပန်ကြား
ယနေ့သည် မိမိအဖို့ လုပ်ငန်းတစ်ခုကို အစပျိုးရန်။ လက်စလုပ်ငန်းတစ်ခုကို အဆုံးသတ် လက်စသိမ်းနေရကြောင်း၊ အီလီနွိုက်ပြည်နယ်မှ ပြည်သူများကို ကိုယ်စားပြုပြီး အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းမှာ မိမိဘ၀တွင် အမြင့်ဆုံး ဂုဏ်ယူရသည့် လုပ်ငန်းတာဝန်ဖြစ်ပါကြောင်း အိုဘားမားက အီလီနွိုက်ပြည်သူများအား ပန်ကြားလိုက်သည်။
ပြောကြား
ယခုအခါ မိမိသည် အမေရိကန်နိုင်ငံ၏ နောက်တက်မည့် သမ္မတတာဝန်များကို ရယူရန်ပြင်ဆင်ရေးအတွက် အီလီနွိုက်ပြည်နယ် အထက်လွှတ်တော်အမတ်ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း၊ သို့သော် မိမိသည် ဤပြည်နယ်မှ ပြည်သူများအား မည်သည့်အခါမျှ မေ့ပျောက်မည် မဟုတ်သလို အစဉ်အမြဲ ကျေးဇူးတင်နေမည်သာဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။
0 comments:
Post a Comment