နည်းပညာများ အံ့မခန်းအောင် ဖွံ့ဖြိုးတိုးတက်နေသော မျက်မှောက်ကာလတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင် ရင်ပေါင်တန်းနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၏ အစိုးရနည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပင်မဆောင်ကို ၂၀၀၆ခုနှစ် အောက်တိုဘာလ ၁၇ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။