ခေတ်မီစက်မှုလယ်ယာစနစ်နှင့် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးမွေးမြူရေးစနစ်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်မည့် ပညာတတ်တောင်သူလယ်သမားကျေးလက်လူငယ်များ
ခေတ်မီစက်မှုလယ်ယာစနစ်နှင့် နိုင်ငံတကာအဆင့်မီ စိုက်ပျိုးမွေးမြူရေးစနစ်များကို လက်တွေ့ကျင့်သုံး ဆောင်ရွက်နိုင်မည့် ပညာတတ် တောင်သူလယ်သမား ကျေးလက်လူငယ်များ ပေါ်ထွန်းလာရေး လေ့ကျင့်ပျိုးထောင်အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၆၇)ဖွင့်အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၆၇)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) န၀ရတ်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ပညာရေးကော်မတီဥက္ကဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှုး(၁) ဒုတိယဗိုလ် ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦးကိုယ်စား ပညာရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာချမ်းငြိမ်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးဦးအောင်ကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးဗိုလ်ချုပ် စောလွင်၊ ဒုတိယ၀န်ကြီးများ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှုးများ၊ နည်းပြများနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင်ဝန်ကြီးဒေါက်တာချမ်းငြိမ်းသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅၀၃ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ဖြစ်ကြောင်းသိရှိရသည်။
0 comments:
Post a Comment