(၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဂုဏ်ပြုဆုများနှင့် အကျိုးဖြစ်ထွန်းမှုများရရှိခဲ့
ကုန်သွယ်မှုမြင့်တင်ရေးအတွက် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်လျက်ရှိရာ မကြာမီက တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပခဲ့သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ သွားရောက်ပါဝင်ပြသခဲ့သည်။အကောင်းဆုံး
ထိုသို့ကုန်စည်ပြပွဲ၌ သွားရောက်ပြသခဲ့ရာတွင် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနနှင့်ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့က ပူးပေါင်းပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက်မှ ၂၅ရက်အထိ ကျင်းပခဲ့သော တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ"အကောင်းဆုံးပြခန်းဆု"နှင့်" စက်မှုလက်မှုလုပ်ငန်းများ အကောင်းဆုံးစုစည်းနိုင်မှုဆု" များကို ရရှိခဲ့သည်။ရှင်းလင်းပွဲပြုလုပ်
အဆိုပါ ဆုများရရှိခဲ့မှုနှင့်ပက်သက်ပြီး ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဆောက်အအုံအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၀ရက်က မီဒီယာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသို့ ရှင်းလင်းပွဲမပြုလုပ်မီ မြန်မာ့အလင်းသတင်းအဖွဲ့က တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။
0 comments:
Post a Comment