ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှုးချုပ်ဝင်း မြင့်သည် ယမန်နေ့နံနက် ၈နာရီခွဲက သာကေတမြို့နယ်ရှိ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတား ခရီးသည်ခန်းမဆောင်၌ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသည်များအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် တိုင်းမှုးက မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ဟားခါးသင်္ဘောဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းများအားထောက်ပံ့ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ပို့ဆောင်ပေးခဲ့
အဆိုပါ သင်္ဘောဖြင့် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆန်၆၇၂ အိတ်၊ဆီ ၁၂ပီပါ၊ ဘိလပ်မြေအိတ် ၁၅၀ သွပ်အချပ် ၂၀၀အပါအ၀င် ဆောက်လုပ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိသည်။