ဝန်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင် ခေါင်းဆောင်သောအဖွဲ့ အိန္ဒယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
အိန္ဒိယသမ္မတနိုင်ငံသို့ သွားရောက်ခဲ့သော သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချူပ်သူရမြင့်မောင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ကြိုဆိုနှုတ်ဆက်
ဝန်ကြီး ဗိုလ်မှူးချုပ်သူရမြင့်မောင်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်စိုးနိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေ၊ သာသနာရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် သူရအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
0 comments:
Post a Comment