နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်သည် အောက်တိုဘာ ၂၃ရက်နံနက် ၈နာရီက ပန်ဆန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်သားလူငယ်များ စက်မှုလက်မှုသင် တန်းကျောင်းခန်းမ၌ ကျင်းပသော အခြေခံစက်ပြင်သင်တန်း၊ အခြေခံ လျှပ်စစ်ဂဟေဆက်သင်တန်းနှင့် အခြေခံအဆောက်အအုံ သင်တန်းအမှတ် အမှာစကားပြောကြားသည်။
တက်ရောက်
သင်တန်းဆင်းပွဲ အခမ်းအနားသို့ နယ်မြေခံတပ်ရင်းမှူး'၀'အထူးဒေသ(၂) တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ချီးမြှင့်
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အခြေခံစက်ပြင်သင်တန်းမှ သင်တန်းသား ၁၂ဦး၊ အခြေခံလျှပ်စစ် ဂဟေဆက်သင်တန်းမှ သင်တန်းသား ၁၂ဦးနှင့် အခြေခံအဆောက်အအုံသင်တန်းမှ သင်တန်းသား၁၁ဦး စုစုပေါင်းသင်တန်းသား ၃၅ဦး သင်တန်းဆင်းခဲ့ပြီး သင်တန်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။