အေပီသတင်းဌာနနှင့် ရုပ်မြင်သံကြားကွန်ယက်များက အီလီနွိုက် အထက်လွှတ်တော်အမတ် အိုဘားမားအား နောက်ဖြစ်မည့် သမ္မတအဖြစ် ကြေညာခဲ့ပြီး အချိန်အနည်းငယ်အကြာ ည၁၁နာရီအချိန်တွင် မက်ကိန်းက အိုဘားမားအား ဆက်သွယ်စကားပြောခဲ့ကြောင်း အိုဘားမား၏ ပြေရေးဆိုခွင့်ရှိသူ ရောဘတ်ဂစ်ဘ်စ်က ပြောကြားခဲ့သည်။ အိုဘားမားက ၄င်း၏ရီပတ်ဘလီကင်ပြိုင်ဘက် မက်ကိန်း၏ လိုက်လျောမှုကို လက်ခံခဲ့ပြီး နိုင်ငံကိုဦးဆောင်ရာတွင် အကူအညီပေးရန် ပြောကြားခဲ့သည်။


အိုဘားမားက အက်ကိန်းအား သူ၏ ကရုဏာရှိသော ယဉ်ကျေးမှုအတွက် ကျေးဇူးတင်ခဲ့ပြီး ၄င်းအနေနှင့် ပြိုင်ပွဲတစ်ခုကို ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၄င်းက အရီဇိုးနား အထက်လွှတ်တော် အမတ်သည် မိမိ၏အဆင့်နှင့် ဂုဏ်သိက္ခာကို ပြသခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို လိုပါတယ်၊ ခင်ဗျားဟာ အရေးပါတဲ့ ကိစ္စရပ်များစွာကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ကြောင်း ဂစ်ဘ်စ်က ပြန်လည်ပြောကြားခဲ့သည်။


အမေရိကန်၏ ရီပတ်ပလီကင်နှင့် ဒီမိုကရက်တစ် ပြည်သူများ ပံ့ပိုးမှုဖြင့် ၄င်းအား အိမ်ဖြူတော်သို့ ပို့ဆောင်မည်ဟုယူဆသည့် ရွေးကောက်ပွဲ ရလဒ်များကို စောင့်လျက်ရှိစဉ် စိတ်နှင့်ကိုယ်အား အပန်းဖြေလျက် ဘတ်စကက်ဘော ကစားခဲ့ပြီး မိသားစုနှင့်အတူ အမဲသားဆီပူထိုးဖြင့် ညစာစားခဲ့သည်။


သမိုင်းတွင်မည့် အောင်ပွဲကို ခံစားသိရှိမိကြသည့် ထင်ပေါ်ကြော်ကြားသူများဖြစ်သည့် အော်ပရာဝင်းဖရေးနှင့် ဘရက်ပစ်တို့ပါဝင်သော ထောက်ခံသူလူအုပ်ကြီးက ထိုညတွင် အိုဘားမားစကားပြောခြင်းကို နားထောင်ရန် ဂရန့်ဥယျာဉ်ကြီးတွင် စုရုံးရောက်ရှိနေကြသည်။ မဲဆွယ်ရေးအဖွဲ့၏ နောက်ဆုံးတိုင်းပြည်အနှံ့ လှုံ့ဆော်ထားသည့် အခမ်းအနားဖြစ်သည်။ ညနေခင်းအပူချိန်မှာ ၆၀ဒီဂရီအတွင်းရှိနေပြီး ချီကာဂိုမြို့၏ ပုံရိပ်က ကောင်းကင်နောက်ခံဖြင့် တောက်ပလျက်ရှိသည်။ ဂျွန်ဟန်ကော့ အဆောက်အဦကြီး၏ အပြင်ဘက်တွင် ဈေးသည်များက အမှတ်တရတီရှပ်များ၊ ရင်ထိုးများ၊ မီးလင်းသည့် ဝှေ့ယမ်းစရာ တုတ်များကိုလည်း ရောင်းချလျက်ရှိသည်။


အိုဘားမားသည် သူ၏ နောက်ဆုံးမဲဆွယ်ရက်များတွင် ၂၀၀၄ခုနှစ်တွင် ရီပတ်ဘလီကင်တို့အား မဲပေးခဲ့သည့် ပြည်နယ်များအပေါ်၌ အာရုံစိုက်၍ လုပ်ဆောင်ခဲ့သည်။ အချို့သောပြည်နယ်တို့မှာ နှစ်ပေါင်းများစွာ ဒီမိုကရက်တို့အား မဲပေးခဲ့သည့် ပြည်နယ်များဖြစ်ကြသည်။ နောက်ဆုံးရပ်တန့်ခဲ့သည် အင်ဒီယားနား ပြည်နယ်ဆိုလျင် ၇၂ နှစ်အတွင်း ဒီမိုကရက်တစ်အဖြစ် လင်ဒန်ဂျွန်ဆင် တစ်ဦးတည်းကိုသာ ၁၉၆၄ ခုနှစ်တွင် မဲပေးခဲ့သည်။