စစ်ကိုင်းတိုင်း မြောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များဖြစ်ကြသည့် ငါးပယ်ကျေးရွာမှ ဦးအောင်စိုး၊ဦးမျိုးဦး၊ဦးသန့်ဇော်၊ဒေါ်ဝင်းမြိုင်တို့သည် မတ်၃၀ရက်တွင် လည်းကောင်း၊တိုးပင်ကျေးရွာမှ ဦးစိုးနိုင်ဦးသည် ဧပြီ ၄ ရက်တွင် လည်းကောင်း၊ဘုန်းကောင်းကျေးရွာမှ ဒေါ်သန်းစိန်၊ဦးစိုးမြင့်၊ ဦးစိုးဌေး၊ဒေါ်ဌေးကြည်၊ဒေါ်ဦး၊ဒေါ်စန်းကြည်၊ဒေါ်အေးငွေတို့သည် မေ ၈ ရက်တွင်လည်းကောင်း၊စစ်ကိုင်းမြို့နယ်တောင်မြို့ကျေးရွာမှ ဦးမြင့်ဆွေသည် မေ၁၅ရက်တွင်လည်းကောင်းအမျိုးသားဒီမိုကရက်စီအဖွဲ့ချုပ် (NLD) ပါတီမှ ၄င်းတို့ သဘောဆန္ဒအလျောက်နုတ်ထွက်ခဲ့ကြသည်။

ဆန္ဒအလျောက်နုတ်ထွက်
ထို့အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်မောင်စိုး(ခ) ဒဿ၊ဒေါ်အေးအေးခိုင်၊ ဦးမောင်မောင်ဦး၊ဦးမောင်မောင်ထွေး၊ဦးဝင်းအောင်၊ဦးတင်မိုးအောင်၊ဦးညိုမင်းထွန်း၊ဒေါ်ခင်သန်းအေး၊ဦးခင်မောင်သန်း၊ဦးမျိုးမြင့်တို့သည် ဇွန် ၉ ရက်တွင်လည်းကောင်း၊မန္တလေး အနောက်တောင်မြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ ဦးဇော်လင်းသည် သြဂုတ် ၁၂ ရက်တွင်လည်းကောင်း၊ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ မချိုနှင့် ဆန်းအောင်ဝင်း(ခ)မှတ်ကြီးတို့သည် သြဂုတ် ၂၀ ရက်တွင်လည်းကောင်း၊ကရင်ပြည်နယ် မြ၀တီမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်သန်းမြင့်သည် သြဂုတ် ၂၈ ရက်တွင်လည်းကောင်း၊နေပြည်တော်တပ်ကုန်းမြို့နယ်NLD အတွင်းရေးမှူးဦးလှကြူသည် စက်တင်ဘာ ၈ ရက်တွင် လည်းကောင်း၎င်းတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စမ်မြို့နေ ဦးသန့်ဇင်ဝင်းသည် စက်တင်ဘာ ၈ ရက်တွင် လည်းကောင်း၊တောင်ကြီးမြို့နယ်မှ ဦးမှတ်သည် စက်တင်ဘာ ၁၀ ရက်တွင်လည်းကောင်း ၄င်းတို့ သဘောဆန္ဒအလျောက်နုတ်ထွက်ခဲ့ကြသည်။
ယင်း NLD ပါတီဝင် ၃၂ ဦးက ၄င်းတို့သည် NLD ပါတီ၌ဆက်လက်ပါဝင်လုပ်ကိုင် ဆောင်ရွက်လိုစိတ်မရှိတော့သဖြင့် ၄င်းတို့ဆန္ဒအလျောက် နုတ်ထွက်စာများကို ရေးသားပြီး NLD ဌာနချုပ်နှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်း အသီးသီးသို့ နုတ်ထွက်စာများ ပေးပို့ခဲ့ကြကြောင်း သတင်းရရှိသည်။