စစ်ကိုင်းခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်စည်းဝေး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အားကစားဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်သည် စက်တင်ဘာ ၂၆ရက် နံနက်၁၁နာရီတွင် စစ်ကိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးခန်းမ၌ ကျင်းပသော စစ်ကိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး(၂၀၀၈)သို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထူးချွန်ဆု
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ဝန်ကြီးသည် ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသို့ အလှူရှင်ခြောက်ဦး လှူဒါန်းသည့် ငွေကျပ်၄၃၀၀၀၀ကို လက်ခံပြီး ၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းခရိုင်အတွင်းမှ ခြောက်ဘာသာနှင့် ငါးဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ယင်းနောက် တာဝန်ရှိသူများက ၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းခရိုင်အတွင်းမှ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများ၊ ထူးချွန်မီးသတ်ဆုရရှိသူနှင့် (၁၅) ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရ ဇေယျာသီရိရုပ်စုံတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးသည် စစ်ကိုင်းမြို့နယ် ချောင်းပေါက်ကျေးရွာမူလတန်းကျောင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး(၂၀၀၈)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းပေါက်ကျေးရွာအုပ်စုမှ ပေးအပ်သည့် အသင်းဝင် အဆိုပြုလွှာ ၁၁၈၈ စောင်နှင့် မြေတိုင်းကျေးရွာအုပ်စုမှ အသင်းဝင် အဆိုပြုလွှာ ၉၁၆ စောင်ကိုလက်ခံပြီး ကျောင်းဆောင်ပြုပြင်ရန် ဘိလပ်မြေအိတ် ၅၀၊အားကစားပစ္စည်းများနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည်။ယင်းနောက် ဗဟိုအလုပ်မှုဆောင် ၀န်ကြီးသည် ထန်းတောကျေးရွာမူလတန်းလွန်ကျောင်း အဆောက်အအုံကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဗဟိုအလုပ်မှုဆောင် ၀န်ကြီးသည် ၀က်လက်မြို့နယ်စင်းတ၀ဲ(အရှေ့)ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး(၂၀၀၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် မူလတန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်အားပေးပြီး ဗလာစာအုပ်များနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယနေ့ဖွင့်လှစ်သော ကျောင်းဆောင်သစ်မှာ အလျားပေ ၁၂၀၊အနံ၃၀ရှိတစ်ထပ်အုတ်ညှပ် သွပ်မိုးအဆောက်အအုံဖြစ်ပြီး ငွေကျပ်၁၆၇ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment