ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို စက်တင်ဘာ ၁၁ရက် နံနက် ၁၀နာရီက မိုင်းရယ်မြို့နယ် ရတနာခန်းမ၌ ကျင်းပသည်။

အလှူငွေများပေးအပ်
အခမ်းအနားတွင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးစိုင်းနော်ခမ်းဦး၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးမြင့်တင်တို့က အမှာစကားပြောကြားပြီး မြို့နယ်အသင်း အတွင်းရေးမှူး ဦးစိုင်းတွမ်းဆာ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်သန်းဌေးတို့က နှစ်ပတ်လည် အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြားတင်ပြသည်။ဆက်လက်၍ အလှူငွေများ ပေးအပ်ရာ ပြည်နယ်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံကြသည်။
လှူဒါန်း
ပြည်နယ်နှင့်ခရိုင်အသင်းမှ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ငွေကျပ်ငါးသောင်းနှင့် ဗလာစာအုပ် ဒါဇင်၄၀ လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိသည်။