ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် စက်တင်ဘာ ၂၇ ရက်တွင် ပဲခူးတိုင်း(အရှေ့)ရှိ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ပျဉ်ပုံကြီး၊ ဘုရားကြီးနှင့် ပဲခူးမြို့တို့ရှိ အော်တိုအိတ်ချိန်းစခန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများကို ကြည့်ရှု့စစ်ဆေးပြီး နေပြည်တော်-ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ မိုဘိုင်းဆက်သွယ်မှုများနှင့် အဝေးဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ၀န်ကြီးသည် စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ဟံသာဝတီ အော်တိုအိတ်ချိန်း အစည်းအဝေးခန်းမ၌ ရတနာပုံမြို့သစ် တည်ဆောက်ရေး စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။