ဗဟိုအလုပ်အမှုဆောင် ၀န်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် ဧရာဝတီတိုင်း၊ခရိုင်၊မြို့နယ် အသင်းဝင်များအားတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်(ဧရာဝတီတိုင်းတာဝန်ခံ)နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်သည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးအစည်းအဝေးခန်းမ၌ တိုင်း၊ခရိုင်၊မြို့နယ်အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးနှင့် အမှုဆောင်များအား တွေ့ဆုံသည်။
ဝန်ကြီးသည် စက်တင်ဘာ ၂၉ ရက်တွင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ အမှုဆောင်အရာရှိ ဦးအောင်သန်းလွင်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်ရှိသော မြို့ပြလမ်းများနှင့် ကျေးလက်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။
ထို့နောက် ၀န်ကြီးသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသော အရှည်ပေ ၂၅၀ ရှိ ပန်းတနော် အခြေခံ ပညာအထက်တန်းကျောင်း အ၀င်လမ်းကျောက်ချောလမ်းခင်းနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ကြီးသည် စက်တင်ဘာ ၂၉ ရက်တွင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ အမှုဆောင်အရာရှိ ဦးအောင်သန်းလွင်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်ရှိသော မြို့ပြလမ်းများနှင့် ကျေးလက်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။
0 comments:
Post a Comment