တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းဝေးပွဲ(၂၀၀၈)ကျင်းပ
တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကြီးမှူးကျင်းပသော အင်္ဂလိပ်သာသာရပ်ဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ ရက်တွင် တနင်္သာရီတိုင်း မြိုတ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပရာ တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက၊တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် တနသာင်္ရီတိုင်းတာဝန်ခံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်းတို့ တက်ရောက်၍ အမှာစကားပြောကြားပြီး တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို ကြည့်ရှု့ အားပေးကြသည်။
အမှာစကားပြောကြား
တနင်္သာရီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး (၂၀၀၈) ကို စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် မြိတ်မြို့ရှမ်းချောင်းရပ်ရှိ တိုင်းအသင်းရုံးခန်းမဆောင်၌ ကျင်းပရာ တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးအသင်းနာယက တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းတို့ တက်ရောက်၍ အမှာစကားပြောကြားကြသည်။
ဆုများချီးမြှင့်
ထို့နောက် တိုင်းမှူးချုပ် ခင်ဇော်ဦးနှင့် တာဝန်ရှိသူတို့က (၂၀၀၈) ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများ၊အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျပန်းစကားပြော ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။
ဆက်လက်၍ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပသည်။
ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးနှင့် ၀န်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိမ်းတို့သည် မွန်းလွဲပိုင်းတွင် မြိတ်မြို့ကမ်းနားလမ်းရှိတနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေထွက်ပစ္စည်း တိုးတက်ထုတ်လုပ်ရေး ညှိုနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားကြကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment