(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ပြည်နယ်နှင့်တိုင်းများမှ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်ကြမည့်သူများနှင့် ကြီးကြပ်အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်
ထို့သို့ တွေ့ဆုံနှုတ်ဆက်ရာသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်နှင့် ဦးစီးကော်မတီဝင်များ၊ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ခင်အောင်မြင့်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဌ၊ ဒုတိယ၀န်ကြီးများ၊ဆပ်မကော်မတီ အသီးသီးတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီးပြိုင်ပွဲ ဗဟိုအကဲဖြတ်ပညာရှင်များနှင့် ပြည်နယ်နှင့်တိုင်းများမှ အကဲဖြတ်ပညာရှင်များ၊ ပြည်နယ်နှင့် တိုင်းများမှ ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်အုပ်ချုပ်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးသည် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များ၊ဆပ်ကော်မတီ အသီးသီးတို့မှ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ ဗဟိုအကဲဖြတ် ပညာရှင်များ၊ ပြည်နယ်နှင့်တိုင်းများမှ ပြိုင်ပွဲဝင်ကြမည့် သူများနှင့် ကြီးကြပ်အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦးသည် (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တက်ရောက်လာကြသည့် အသက်(၆၅) နှစ်နှင့်အထက် သဘင်နှင့် ဂီတပညာရှင်ကြီးများအား ဆေးဝါးပစ္စည်းများကို ဂါရ၀လက်ဆောင်အဖြစ် ပေးအပ်သည်။

0 comments:
Post a Comment