မိခင်နှင့်ကလေးကျန်းမာရေး တိုးမြှင့်ဖော်ဆောင် ပြည်သူလူထုအခြေပြု လက်တွဲညီညီကြိုးပမ်း

နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်
ပညာရည်မြင့်မားရေးရည်မှန်းချက်ကို ချမှတ်ဖော်ဆောင်နေသည်။
အမျိုးသားကျန်းမာရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ့
ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်
ပေးလျက်ရှိသည်။မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း
သည် ပြည်သူတို့၏ကျန်းမားရးအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင်
စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်၊တိုင်း
၊ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့
အဆင့်ဆင့်နှင့် မြို့နယ်အသင်းပေါင်း သုံးရာကျော်တို့က
ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ကူညီလျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မွေးဖွားသော ကိုယ်ဝန်ဆောင်မိခင်ပေါင်း
တစ်သန်းကျော်ရှိရာ မိခင်များနှင့် မွေးစကလေးများအတွက်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်
ပေးနေသည်ကို တွေ့ရသည်။ ကျေးရွာတစ်ရွာတွင်
ကျွမ်းကျင်သောသားဖွားဆရာမ တစ်ဦးရှိရေး
ရည်ရွယ်လျက်သားဖွားဆရာမများ တိုးမြှင့်မွေးထုတ်ပေး
လျက်ရှိသကဲ့သို့ အရန်သားဖွား ဆရာမများကိုလည်း
ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစကလေးစောင့်ရှောက်မှုဆိုင်ရာ
ထို့ပြင်မြို့ပြနှင့် ကျေးလက်ဒေသများရှိ ကျန်းမာရေးဌာနများ၌
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပညာပေးခြင်း ၊ ပိုးမွှားသန့်စင်
သောနည်းဖြင့် စနစ်တကျမွေးဖွားပေးခြင်း ၊ မွေးပြီးမိခင်နှင့်
ကလေးစောင့်ရှောက်မှုပေးခြင်း ၊ ငါးနှစ်အောက်ကလေး
စောင့်ရှောက်မှုပေးခြင်း ၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး
ပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အဓိက
ဆောင်ရွက်ပေးနေပြီဖြစ်သည်။
မိခင်များ ကိုယ်ဝန်ဆောင်ချိန် ၊ မီးဖွားစဉ်နှင့်
မီးဖွားပြီး ကာလများ၌လည်း စနစ်တကျ
စောင့်ရှောက်မှုပေးလျက်ရှိသည်။ ထို့ပြင် မျိုးပွားအင်္ဂါလမ်းကြောင်းရောဂါ၊
လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ကုသပေးခြင်း
၊ လူငယ်မျိုးပွား ကျန်းမာရေးလုပ်ငန်း ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ကိုယ်ဝန်
ဆောင်မိခင်များ၏ လေးပုံသုံးပုံကျော်သည် လေ့ကျင့်ထားသော
ကျန်းမာရေးဝန်ထမ်းများ၏ စနစ်တကျစောင့်ရှောက်မှုကို ခံယူရရှိနေကြပြီဖြစ်သည်။
နိုင်ငံတော်အစိုးရက မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကို တိုးမြှင့်ဖော်ဆောင်လျက်ရှိရာတွင် မြန်မာနိုင်ငံ
မိခင်နှင့် ကလေးစောင့်ရေး အသင်းဝင်များ၏ စေတနာရှင်ပြည်
သူများက မိခင်နှင့်ကလေးငယ်များအပါအ၀င် အသက်အရွယ်မရွေး
အင်အားပြည့် ဗီတာမင်အေဆေးလုံး၊ သံဓာတ်ဆေးပြား၊
ဗီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊
အာဟာရဓာတ်ဖြည့်စွတ်ထားသည့် အစားစအစာများ
ထုတ်လုပ်စားသုံးစေခြင်း၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်း
စသည့်လုပ်ငန်းများ၌ ပြည်သူလူထု အခြေပြုလက်တွဲညီညီ
ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ခေတ်မီပညာသင်ကြားနိုင်မှု အခွင့်အလမ်းကောင်းများရရှိ နည်းပညာရပ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အိန္ဒိယ-မြန်မာ
သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု မြင့်တင်ရေးသင်တန်းဌာန
ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ရက်က ရန်ကုန်ကွန်ပျူတာ
တက္ကသိုလ်၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်
တက်ရောက်ချီးမြှင့်ခဲ့ပေသည်။္ပ အိန္ဒိယ-မြန်မာ
သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု
မြှင့်တင်ရေးဌာနကို ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ
၁၂ရက်နေ့၌ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသတင်းဌာနကို မြန်မာနိုင်ငံတွင် ICT ကဏ္ဍ၌
ကျွမ်းကျင်သူများ ပေါ်ထွန်းလာစေရန်၊ ပညာရေး၊ ကျန်းမာရေး၊
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍများတွင်လည်း
ခေတ်မီနည်းပညာရပ်များကို ပြည်ထောင်စုအနှံ့ လွယ်လင့်တကူ
လေ့လာအသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသင်တန်းဌာနကို ရန်ကုန်၊ မန္တလေးနှင့် ရတနာပုံမြို့အပါအဝင်
နိုင်ငံတစ်ဝန်းရှိ စခန်းခွဲ ၁၀ခု၌လည်း တစ်ပြိုင်တည်းဖွင့်လှစ်နိုင်ခဲ့သည်။
ယင်းသို့ဖွင့်လှစ်နိုင်ခြင်းဖြင့် ကမ္ဘာ့အဆင့်မီ နည်းပညာရပ်ကို
မည်သူမဆို လေ့လာသင်ကြားနိုင်ခွင့်ရရှိရန် သင်တန်းဌာနများက
ခေတ်မီဆက်သွယ်ရေးနည်းပညာများဖြင့် အထောက်အကူပြု
နိုင်မည်ဖြစ်သည်။ ထိုနည်းပညာများ လေ့ကျင့်သင်ကြားပေးနေသော
နည်းပညာများကို လက်တွေ့အသုံးချနေသည့်
စက်မှုလုပ်ငန်းကဏ္ဍများအကြား ပေါင်းကူးပေးမည့်နေရာသစ်အဖြစ်
အသုံးပြုနိုင်မည်ဖြစ်သည်။ အဝေးရောက် ကျန်းမာရေးကုသမှုများ၊
အဝေးရောက်သင်ကြားရေး နည်းစနစ်များနှင့် ကျေးလက်ဒေသပါမကျန်
လေ့လာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
အိန္ဒိယ-မြန်မာ သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု
မြှင့်တင်ရေးသင်တန်းဌာနသည် နှစ်နိုင်ငံအကြား ကာလကြာရှည်စွာ
ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှု၏ အသီးအပွင့်တစ်ခုဖြစ်သည်။
သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး
တည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေမည့်
လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတစ်ဝန်း၌ မွေးထုတ်ပေးနိုင်သည့်
အခွင့်အလမ်းကောင်းတစ်ခုကို လူငယ်မောင်မယ်များက အကျိုးရှိရှိ
အသုံးချသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။