(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်သည် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်း အုပ်ချုပ်သူများ၊လေ့လာရေးအဖွဲ့ဝင်များ၊ကော်မတီ၊ ဆပ်ကော်မတီဥက္ကဌ၊အတွင်းရေးမှူးများ၊ပြိုင်ပွဲဘာသာရပ်ဆိုင်ရာ အကဲဖြတ်ဥက္ကဌ၊အဖွဲ့ခေါင်းဆောင်များအားယမန်နေ့ ညနေ၄ နာရီတွင် နေပြည်တော်ရှိ အမှတ်(၇)တည်းခိုရေးစခန်းသင်တန်းခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ကြည့်ရှု့စစ်ဆေး

ထို့နောက် တိုင်းမှူးသည်အမှတ်(၇) တည်းခိုရေးစခန်း၌ ဖွင့်လှစ် ရောင်းချလျက်ရှိသော အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များကို လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။