အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည် အာဆီယံလူ့စွမ်းအားအရင်းအမြစ် ထိပ်သီးအစည်းအဝေးနှင့် စင်ကာပူလူ့စွမ်းအားအရင်းအမြစ်ထိပ်သီးအစည်းအဝေးများတက်ရောက်
မြန်မာကျွမ်းကျင်လုပ်သားများ အလုပ်အကိုင်တိုးမြှင့်ရရှိရေးဆွေးနွေးခဲ့
အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်သည် စင်ကာပူသမ္မတနိုင်ငံ လူ့အင်အားဝန်ကြီးဌာန ၀န်ကြီး
Mr.Gan Kim Yong ၏ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၂ရက်မှ ၂၄ ရက်အထိ စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပသည့် အာဆီယံလူ့စွမ်းအားအရင်းအမြစ်ထိပ်သီးအစည်းအဝေးနှင့် စင်ကာပူလူ့စွမ်းအားအရင်းအမြစ် ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စင်ကာပူသမ္မတနိုင်ငံ Senior Minister ,Mr.Goh Chok Tong က ၀န်ကြီးဦးအောင်ကြည်အား Istana အဆောက်အအုံ၌ အခြားအာဆီယံ အလုပ်သမားဝန်ကြီးများနှင့်အတူ တွေ့ဆုံခဲ့သည်။ ၀န်ကြီးသည် ထိုနေ့နံနက်ပိုင်းကလည်း စင်ကာပူနိုင်ငံ လူ့အင်အားဝန်ကြီးဌာန ၀န်ကြီး Mr.Gan Kim Yong နှင့် အဖွဲ့အား တွေ့ဆုံ၍ မြန်မာနိုင်ငံမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျုဟာ ချမှတ်ဆောင်ရွက်နေမှုများ၊ လုပ်သားများ၏ ကျွမ်းကျင်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့ကျွမ်းကျင် လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရရှိရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးသည်။
0 comments:
Post a Comment