နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ရန်ကုန်-ပုသိမ်ကားလမ်းပြုပြင်မှု ကြည့်ရှုစစ်ဆေး လမ်းအပိုင်းအလိုက် နေ့စဉ်စစ်ဆေးပြုပြင်ရန်မှာကြား
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ဒုတိယ၀န်ကြီးများ၊အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့မှ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ပုသိမ်မြို့သို့ထွက်ခွာကြရာ ရှေးဦးစွာ ၀န်ကြီးချုပ်သည် လမ်းခရီး၌ ခရီးသည်တင်နှင့် ကုန်တင်ယာဉ်ကြီး/ယာဉ်ငယ်များသွားလာမှု၊စက်ယန္တရားများဖြင့် လမ်းပြုပြင်မှု၊လမ်းပြုပြင်ရန်အတွက် လမ်းခင်းကျောက်များ စုဆောင်းထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေး
ရှင်းလင်းတင်ပြ
ထို့နောက် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၂၂/၆)သို့ ရောက်ရှိကြပြီး အေးရှားဝေါလ်ကုမ္ပဏီလီမိတက်က လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အထွေထွေမန်နေဂျာ ဦးစိုင်းမြင့်သိန်းက ရှင်းလင်းတင်ပြသည်။
အမြန်ပြုပြင်
ဆက်လက်၍ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်တိုင်အမှတ်(၄၆) သို့ရောက်ရှိကြပြီး မိုင်တိုင်(၄၆/၀)နှင့် (၄၆/၂) အကြား လမ်းပေါက်များအား ကျောက်ဖြည့် သဲခင်းခြင်း၊စက်ယန္တာရားများဖြင့် လမ်းကြိတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းများတွင် ရေမ၀ပ်နေစေရေးအတွက် ရေဆင်းမြောင်းများဖောက်လုပ်ပေးရန်၊ ယာဉ်များ ချောမွေ့စွာသွားလာရေးအတွက် လမ်းပေါက်များကို ကျောက်ဖြည့်သဲဖို့ခင်းရန် လမ်းအပိုင်းအလိုက် တာဝန်ပေးပြီး နေ့စဉ်စစ်ဆေး၍ ပျက်စီးမှုများကို အမြန်ပြုပြင်သွားရန် မှာကြားသည်။
ယင်းနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြပြီး ပုသိမ်မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြရာ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
0 comments:
Post a Comment