မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၀န်ကြီးများနှင့်တွေ့ဆုံ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ အောက်တိုဘာ၁၆ရက်က ကျင်းပခဲ့သည့် အာဆီယံ-တရုတ်ပြန်ကြားရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သီးခြားစီတွေ့ဆုံ
အာဆီယံ-တရုတ်ပြန်ကြားရေးနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူချုပ်ကျော်ဆန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး Mr.Cai Wu နှင့်လည်းကောင်း ၊ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဌာန ၀န်ကြီး Mr.Wang Chang နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် အောက်တိုဘာ၁၇ရက် ညနေ၃နာရီတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမှု ၀န်ကြီးဌာန၀န်ကြီး Mr.Cai Wu နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာနှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု တိုးမြှင့်ရေးဆိုင်ရာများ ၊ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေနွေးညှိနှိုင်းခဲ့ကြသည်။
အမြင်ချင်းဖလှယ်
ထို့နောက်ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ. နိုင်ငံတော်ကော်စီ ပြန်ကြားရေးဌာန ၀န်ကြီး Mr. Wang Chang က အောက်တိုဘာ ၁၇ရက် ည၇နာရီ မိနစ်၂၀ တွင် ပေကျင်းမြို့ Raffles Beijing Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ ညစာမသုံးစားမီတွင် နှစ်နိုင်ငံဝန်ကြီးများသည် တရုတ်-မြန်မာနှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံ ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆို်င်ရာများ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment