လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဝန်ကြီးသိန်းညွန့် ကြည့်ရှုစစ်ဆေး
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်သည် အောက်တိုဘာ ၁၉ရက် ညနေ၃နာရီတွင် လပွတ္တာမြို့ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် လပွတ္တာမြို့နယ်အတွင်း ကျေးလက်အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ဝန်ကြီးသည် အောက်တိုဘာ၂၀ရက် နံနက်ပိုင်းတွင် လပွတ္တာမြို့နယ် ကညင်ကွင်း ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာရှင်းလင်းဆောင်၌ မြန်မာ့အလှကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာဦးကျော်ခိုင်က ကညင်းကွင်း ကျေးရွာ၌ တည်ဆောက်ပေးလျက်ရှိသော လူနေအိမ်၇၁လုံး တည်ဆောက် ပြီးစီးမှု အခြေအနေ များကို တင်ပြသည်။ ထို့နောက်ဝန်ကြီးသည် ကညင်းကွင်းကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော လူနေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး လွှစာကျေးရွာ မူလတန်းကျောင်း၌ မြန်မာ့အလှကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။ ယင်းနောက်ဝန်ကြီးသည် မြန်မာ့အလှကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော အမြဲတမ်းလူနေအိမ်ရာ ၉၁လုံးတည်ဆောက် ပြီးစီးမှု အခြေအနေများလိုက်လံ ကြည့်ရှုစစ်ဆေးပြီးလပွတ္တာမြို့သို့ ပြန်လည်ရောက်ရှိသည်။ ဆက်လက်၍ဝန်ကြီးသည် လပွတ္တာခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ အားလည်းကောင်း၊ လပွတ္တာမြို့နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်များအားလည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment