နာဂစ်မုန်တိုင်းသင့် လပ္ပတ္တာ၊ ဖျာပုံ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း မြို့များရှိ ကိုယ်ဝန်ဆောင်များနှင့် နို့တိုင်မိခင်များ၊ ငါးနှစ်အောက် ကလေးများကို ဖြည့်စွက်အစားစာများ အောက်တိုဘာလတွင် ထောက်ပံမည်ဖြစ်ကြောင်းသိရသည်။ ယင်းဖြည့်စွက် အစားအစာများ ထောက်ပံရေးအစီအစဉ်ကို ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံရေးအစီစဉ် (WFP)နှင့် အခြားနိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းများက ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လိုအပ်သော အာဟာရဖြည့်စွက်အစားစာ တန်ချိန်များကို ပြည်ပမှ ၀ယ်ယူရန် စီစဉ်ထားရာ ယင်းအနက် တန်ချိန် ၁၃၀၆ မက်ထရစ်တန်သည် စက်တင်ဘာလကုန်တွင် ရန်ကုန်မြို့သို့ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ မုန်တိုင်းသင့်ဒေသများတွင် ပြည်သူများ အာဟာရလိုအပ်ချက်နှင့် ပတ်သက်၍ လေ့လာသုံးသပ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ပြီး ယင်းလေ့လာမှုမှ ရရှိသော အချက်အလက်များကို အခြေခံကာ ယခု အာဟာရဖြည့်စွက်စာ အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း Myanmar nargis newsမှ သိရသည်။
0 comments:
Post a Comment