ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ကချင်ပြည်နယ် တာဝန်ခံ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် စက်တင်ဘာ ၂၀ရက်က မြစ်ကြီးနားမြို့ ပမ္မတီးကျေးရွာ၌ ကျေးရွာပြည်သူများအား တွေ့ဆုံအမှာစကား ပြောကြားပြီး ဗလာစာအုပ်များနှင့် ထောက်ပံ့ငွေများကို လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်စံထွန်းက အသင်းဝတ်စုံများကိုလည်းကောင်း ပေးအပ်ကြသည်။
အမှာစကား
ယင်းမှတဆင့် ဗဟိုအတွင်းရေးမှူးဝန်ကြီးနှင့် ဒုတိယတိုင်းမှူးတို့သည် ရမ်ပူရပ်ကွက်သို့ ရောက်ရှိပြီး ရပ်မိရပ်ဖများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံ
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ၌ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် စက်တင်ဘာ ၂၁ရက်တွင် မိုးကောင်းမြို့နယ် နမ္မတီး အခြေခံပညာ အထက်တန်းကျောင်း၌ မြို့မိ မြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်သည်။
အသင်းဝင်အဆိုပြုလွှာပေးအပ်
ယင်းနောက် အသင်းဝင်အဆိုပြုလွှာ စောင်ရေ ၁၅၅၀ကို ပေးအပ်ကြရာ မိုးကောင်းမြို့နယ် အတွင်းရေးမှူးက လက်ခံပြီး ပြည်နယ်အတွင်းရေးမှူးက အသင်းဝတ်စုံများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် မိုးကောင်းမြို့နယ် ကျွန်းပင်သာကျေးရွာ တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျေးရွာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံသည်။
တက်ရောက်
ထို့နောက် ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် မိုးကောင်းမြို့ မိုးကောင်းခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)သို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး ဗဟိုအတွင်းရေးမှူးနှင့် ဒုတိယတိုင်းမှူးတို့က ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မြို့နယ်အတွင်းရေးမှူးက အသင်းဝင်အဆိုပြုလွှာစောင်ရေ ၃၂၀၀ကို ပေးအပ်ရာ ပြည်နယ်အတွင်းရေးမှူးက လက်ခံသည်။
ဂုဏ်ပြုဆုချီးမြှင့်
ထို့နောက် ဆရာ ဆရာမများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး လေဘေးသင့်ဒေသများသို့ သွားရောက် ကူညီခဲ့ကြသည့် အသင်းဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဝန်ကြီးသည် မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက်မှ ရပ်မိရပ်ဖများအား တွေ့ဆုံမှာကြားပြီး မိုးကောင်းမြို့D-Amps ဆယ်လ်လူလာစနစ် စက်ခန်းသို့ ရောက်ရှိပြီး တာဝန်ခံအင်ဂျင်နီယာများက D-Amps ဆယ်လ်လူလာစနစ် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးကြောင်း သတင်းရရှိသည်။