မုန်တိုင်းသင့်ဒေသရှိ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ရန်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
မုန်တိုင်းသင့်ဒေသရှိ စာသင်ကျောင်းများပြုပြင်ဆောက်လုပ်ရန်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန(ရုံချုပ်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းအဖွဲ့ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ မုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် UN Agency နှင့် INGOs၊ NGOsတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ရှေးဦးစွာ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေက အမှာစကား ပြောကြားရာတွင် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ချက်နှင့်အညီ အရေးပေါ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အစီအစဉ်(၃)ရပ် ချမှတ်၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ်ရေးနှင့် စပ်လျဉ်း၍ ယာယီစာသင်ကျောင်းမှ အမြဲတမ်း စာသင်ကျောင်းအဖြစ် ကူးပြောင်းဆောက်လုပ်လျက်ရှိကြောင်း၊ ယခုအခါ ကုလသမဂ္ဂအဖွဲ့စည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့စည်းများက စာသင်ကျောင်း ၇၄ကျောင်း ဆောက်လုပ်ရန် ကမ်းလှမ်းလာသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စာသင်ကျောင်းများ ထပ်မံဆောက်လုပ်ရန် လိုအပ်နေသေးကြောင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ INGOs ၊NGOsတို့က မိမိတို့အဖွဲ့အစည်းအလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များကို တင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်ဟု Myanmar nargis newsမှ သိရှိရပါသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ INGOs ၊NGOsတို့က မိမိတို့အဖွဲ့အစည်းအလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များကို တင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်ဟု Myanmar nargis newsမှ သိရှိရပါသည်။
0 comments:
Post a Comment