မုန်တိုင်းသင့် မိဘမဲ့ကလေးများအတွက် အ၀တ်အထည်များလှူဒါန်း
မုန်တိုင်းသင့် ပြည်သူများအတွက် စေတနာရှင်၊ အလှူရှင်များက နေစဉ်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာန(ရုံးချုပ်)ရှိ မေခလာခန်းမသို့ အလှူရှင်များဖြစ်ကြသော Rotary Club of Rotary International District 2770,Japan မှMr Michizoh Sumiuchi,Mr TakashiYamamoto,Mr Kazuharu Tanakaနှင့် ဦးသန့်ဇင်(Yamanaka Eng.Co.,Ltd)တို့က လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မိဘမဲ့ကလေးများ အတွက် ငွေကျပ်သိန်း၈၀ တန်ဖိုးရှိ အ၀တ်အထည်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြကြောင်း Myanmar nargis newsမှသိရှိရပါသည်။