ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈) ကို စက်တင်ဘာလ ၂၀ရက် နံနက် ၉နာရီခွဲက အဆိုပါ အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးတင်မောင်စိုးက အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ခရိုင်အသင်းနာယက ဦးတင်မောင်စိုး၊ တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တိုင်းအလုပ်အမှုဆောင် ပခုက္ကူခရိုင်တာဝန်ခံ ဦးကျော်တင့်၊မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးတင်မျိုးလတ်တို့က လည်းကောင်း၊ လေဘေးသင့်ဒေသများတွင် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ၌ တက်ကြွစွာကူညီခဲ့ကြသူများအား ဦးသန်းစိန်(ဖက်ဖူးရောင်စာပေ)နှင့် ဦးမျိုးမြင့်(ကုန်သည်ပွဲစားအသင်း)တို့က လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။