သာကေတ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ
သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)ကို စက်တင်ဘာ ၁၅ရက်က အသင်းရုံးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်း တွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ငါးဘာသာဂုဏ်ထူးရှင်နှင့် လေးဘာသာဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။လက်ဆောင်များပေးအပ်
ထို့နောက် တိုင်းအလုပ်အမှုဆောင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင် ခေတ္တအတွင်းရေးမှူး ဦးစိန်မြင့်၊ ခရိုင်အလုပ်အမှုဆောင် ဦးစန်းမောင်နှင့် မြို့နယ်အလုပ်အမှုဆောင် ဦးသော်တာထွန်းတို့က လေဘေးသင့် ပြည်သူများထံသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသင်းဝင်များ၊ သွေးလှူရှင်များ၊ ဖြိုးစေတနာဆေးခန်း ဆရာဝန်ကြီးများနှင့် အလှူရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ခရိုင်အလုပ်အမှုဆောင် ဦးစန်းမောင်က ဆောင်ရွက်၍ မြို့နယ်နှစ်ပတ်လည် အစီရင်ခံစာကို မြို့နယ်အလုပ်အမှုဆောင် ဦးနိုင်အောင်က ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာသော ကိုယ်စားလှယ်များမှ ရေးရာအလိုက် အကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က တင်ပြချက်များကို ပြန်လည် ရှင်းလင်းဖြေကြားကြောင်း သိရသည်။
0 comments:
Post a Comment