ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို စက်တင်ဘာ ၁၃ ရက် နံနက် ၉နာရီက အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးစိုင်းပြုံးချိုက ၂၀၀၇-၂၀၀၈ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်သွင်း၍ အသင်းဝင်နှစ်ဦးက အကြံပြုဆွေးနွေးကြပြီး အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးစိုင်းနော်ခမ်းဦးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်ဒါဇင် ၅၀နှင့် အလှူငွေကျပ် ၅၀၀၀၀ကို မြို့နယ်ပညာရေးမှူး ဦးသိန်းဆွေထံ ပေးအပ် လှူဒါန်းသည်။
ချီးမြှင့်
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် လေလေးသင့်ရာတွင် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသည့် အသင်းဝင်များအား ဂုဏ်ပြုဆုပစ္စည်းနှင့် ဂုဏ်ပြုလွှာများကို ပြည်နယ်အသင်း အတွင်းရေးမှူး ဦးစိုင်းနော်ခမ်းဦး၊ မြို့နယ်အသင်း အတွင်းရေးမှူး ဦးစိုင်းပြုံးချိုနှင့် တာဝန်ရှိသူများက တစ်ဦးချင်းပေးအပ် ချီးမြှင့်ကြသည်။