လှိုင်သာယာမြို့ နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံရေးပစ္စည်းများ ပေးအပ်လှူဒါန်း
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် စည်းရုံးရေးရာဌာနကြီးမှ ကြီးမှူးကျင်းပသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံပစ္စည်းများ ပေးအပ်လှူဒါန်းပွဲနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေးဟောပြောပွဲကို စက်တင်ဘာ ၁၂ရက်တွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် (၇)ရက်ကွက်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စည်းရုံးရေးရာဌာနကြီးမှ ဌာနကြီးမှုး ဒေါက်တာဒေါ်ညွန့်ညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းကာ စာရေးဆရာ အဏ္ဏ၀ါစိုးမိုးက "ဘ၀ သက်တံအရောင်များ ထွန်းပြောင်ပါစေသား" ခေါင်းစဉ်ဖြင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး ဟောပြောခဲ့ကြောင်း Myanmar nargis newsမှ သိရှိရပါသည်။