ဝန်ကြီး ဦးဥာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ထွက်ခွာ
နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက် ရှိသော (၆၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ယနေ့တွင် လေကြောင်းခရီးဖြင့် နယူးယောက်မြို့သို့ ထွက်ခွာသွားသည်။
ဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ၀န်ကြီးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးတို့ လိုက်ပါသွားကြသည်။

0 comments:
Post a Comment