ဝန်ကြီးဌာန၏ ရည်မှန်ချက်တာဝန်များ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စောလွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာ ၁၅ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဦးစီးဌာနမှူးရုံး၌ ၀န်ထမ်းများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ၀န်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရေး၊ ပြည်သူအပေါ် စေတနာထားကာ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်စွာ ဆောင်ရွက်ကြရေး မှာကြားပြီး မှတ်ပုံတင် စာအုပ်များ၊ လုပ်ငန်းသုံးပုံစံများ ပြသထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ၀န်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးသို့ ရောက်ရှိ၍ ၀န်ထမ်းများအား တွေ့ဆုံမှာကြားပြီး မှတ်တမ်းခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment