မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ လေဘေးသင့်ပြည်သူများအား
ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ဒလမြို့နယ် ပြည်သူ့ဆေးရုံ ခန်းမဆောင်၌ ကျင်းပသည်။ ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြင်မြိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန် တောင်ပိုင်းခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ မှ တာဝန်ရှိသူများက ရေသန့်စက်အပါအ၀င် ထောက်ပံရေးပစ္စည်းများကို လေဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြင်မြိုင်သည် လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဒလမြို့ နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု Myanmar nargis newsမှသိရှိရသည်။