လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဌေးဦးအား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနေကိုယ်စားလှယ် Mr. Shin IMAI သည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ ဆည်မြောင်းဦးစီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ အပူပိုင်းဇုန်ဒေသများတွင် ဆောင်ရွက်နေသည့် မြေအောက်ရေတွင်းတူးဖော်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်မှုနှင့် ကျေးရွာ ဆည်ကန်ငယ်များ ပြုပြင်မှုတို့တွင် (FAO) မှ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးကြကြောင်း သိရှိရသည်။