ဧရာဝတီတိုင်း ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၈)ကို စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းတွင် ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဟင်္သာတခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်သန်းဌေး တက်ရောက်၍ အမှာစကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဟင်္သာတခရိုင်အတွင်းမှ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ ငါးဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၁၀ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၁၈ဦး၊ မြို့နယ်အလိုက် အောင်ချက်အကောင်းဆုံး ရရှိသည့် ကျောင်းခြောက်ကျောင်းနှင့် တိုင်းအဆင့် ထူးချွန်ဆု ရရှိသူ လေးဦးတို့အား ဗဟိုအလုပ်အမှုဆောင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အစည်းအဝေး ဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြောင်း သတင်းရရှိသည်။