တာချီလိတ်ခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် စည်းဝေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)ကို စက်တင်ဘာ ၂၀ ရက် နံနက် ၉နာရီက အသင်းရုံးခန်းမ၌ ကျင်းပသည်။
ထို့နောက် ခရိုင်ဥက္ကဌ ဦးခင်သန်းနှင့် တာဝန်ရှိသူများက ၂၀၀၇-၂၀၀၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်သည်။
အဖွင့်အမှာစကား
ရှေးဦးစွာ ခရိုင်အသင်းနာယက ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးခင်သန်းက အဖွင့်အမှာစကား ပြောကြားပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးခင်မောင်စိုးက လေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် အသင်း၏လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အသင်းဝင်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။ထို့နောက် ခရိုင်ဥက္ကဌ ဦးခင်သန်းနှင့် တာဝန်ရှိသူများက ၂၀၀၇-၂၀၀၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်သည်။
ပေးအပ်လှူဒါန်း
ယင်းနောက် ခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသို့ အလှူရှင်များက အလှူငွေကျပ် ၁၉၅၀၀၀၀ နှင့် ပရင်တာတစ်လုံးကို ပေးအပ်လှူဒါန်းပြီး ကျေးရွာအုပ်စုတို့မှ အသင်းဝင်အဆိုပြုလွှာအစောင် ၁၀၅၀ကို ပေးအပ်ရာ မြို့နယ်အသင်း အတွင်းရေးမှူး ဦးစိုင်းတင်ထွန်းက လက်ခံသည်။ ဆက်လက်ကျင်းပ
ဆက်လက်ပြီး အစီအစဉ် ဒုတိယပိုင်းကို အစိအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး အစည်းအဝေးကို ရုပ်သိမ်းကြောင်း သိရသည်။
0 comments:
Post a Comment