အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းအား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr Bhaskar Kumar Mitra သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး၏ဧည့်ခန်း၌ လာရောက်တွေ့ဆုံပြီး စက်မှုသင်တန်းကျောင်း တည်ဆောက်ရေးကိစ္စနှင့် နှစ်နိုင်ငံ စက်မှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံရာသို့ အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်စွာခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။