မုန်တိုင်းသင့်ဒေသရှိ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ရန်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
မုန်တိုင်းသင့်ဒေသရှိ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ရန်နှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီအနီး မီးသတ်ဦးစီးဌာန (ရုံးချုပ်) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား သဘာဝ ဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ မုန်တိုင်းသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် UN Agency နှင့် INGOs၊ NGOs တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ရှေးဦးစွာ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်ဆွေက အမှာစကားပြောကြားရာတွင် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရေးပေါ်ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းရပ်များကို အစီအစဉ်(၃)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသများ၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ်ရေးနှင့်စပ်လျဉ်း၍ ယာယီစာသင်ကျောင်းမှအမြဲတမ်း စာသင်ကျောင်းအဖြစ် ကူးပြောင်းဆောက်လုပ်လျက် ရှိကြောင်း၊ ယခုအခါ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက စာသင်ကျောင်း ၇၄ ကျောင်းဆောက်လုပ်ရန် ကမ်းလှမ်းလာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စာသင်ကျောင်းများ ထပ်မံဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။
0 comments:
Post a Comment