လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာ၊ ပြင်စလူမြို့နှင့် ပိုးလောင်းကျေးရွာများ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လှည့်လည်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေး ကာကွယ်စောက်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် လပွတ္တာမြို့နယအတွင်းရှိ သင်္ဃန်းကြီးကျေးရွာ၊ ပြင်စလူမြို့နှင့် ပိုးလောင်းကျေးရွာတို့သို့ စက်တင်ဘာ ၁၅ရက် နံနက်ပိုင်းတွင် လှည့်လည်သွားရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းစီမံဆောင်ရွက်ပေးသည်။
ရှေးဦးစွာ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၁၅)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းတင့်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်မြင့်သိန်း တို့က လမ်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ၀န်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။



0 comments:
Post a Comment