မွန်ပြည်နယ် အာဟာရဖွံ.ဖြိုးရေး ရက်သတ္တပတ်ဖွင့်ပွဲ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း တက်ရောက် အမှာစကား ပြောကြား
ထို့နောက် တိုင်းမှူးက ၂၀၀၈ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် စာစီကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပြိုင်ပွဲတို့၌ ပထမဆု ရရှိသူများအား လည်းကောင်း၊ ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်စိုးက စာစီစာကုံးပြိုင်ပွဲ၌ ဒုတိယဆု ရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက စာစီစာကုံးပြိုင်ပွဲ၌ တတိယဆု ရရှိကြသူများအား လည်းကောင်း ဆုများကို ပေးအပ် ချီးမြှင့်ကြသည်။
အခမ်းအနားအပြီးတွင် မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်ဆောင် အားတိုးဆေးနှင့် ကလေးငယ်များအား ဗီတာမင်အေ ဆေးလုံးများကို တိုက်ကျွေးကြပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်ပြခန်းကို ကြည့်ရှု အားပေးကြသည်။

0 comments:
Post a Comment