ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင် တာချီလိတ်ခရိုင် ဖွံ.ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် တာလေမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ဆေးရုံတက် လူနာများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများကို ဆေးရုံအုပ် ဒေါက်တာဥာဏ်မြင့်ထံ ပေးအပ်သည်။
ထို့နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် တာလေမြို့ အောင်ဇေယျခန်းမ၌ တာလေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားပြီး တပ်နယ်အတွက် အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဒေသအတွက် အားကစားပစ္စည်းများ၊ ကျောင်းသုံးဗလာ စာအုပ်များနှင့် စာရေးကိရိယာများကို ပေးအပ်သည်။
ဆက်လက်၍ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် တာချီလိတ်မြို့ရှိ တာချီလိတ် အမှတ်(၃) သစ်ဆိပ် လွယ်စတုန်း သစ်ထုတ်လုပ်ရေးကွင်းအတွင်း သစ်များစုပုံထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာချီလိတ်မြို့ တပ်နယ်ခန်းမ၌ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment