အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရေဒီယယ် တာယာထုတ်လုပ်မှုစက်ရုံ စီမံကိန်း သို့ ရောက်ရှိပြီး စီမံကိန်း နယ်မြေအတွင်း တည်ဆောက်ရေး လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ်ရှိ အမှတ်(၁) တာယာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်မှု စက်ရုံ၌ တာယာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အရ ၀ယ်လိုအားများသည့် တာယာများကို ဦးစားပေးထုတ်လုပ်ရန်၊ အရည်အသွေး ကောင်းမွန်ရေး ဂရုပြုဆော်ရွက်ရန် မှာကြားသည်။

ယင်းနောက် ၀န်ကြီးသည် ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ်ရှိ မရမ်းကုန်း ရော်ဘာခြံကို ကြည့်ရှု စစ်ဆေးပြီး ရွှေဖြူဟု တင်စားရလောက်သော ရော်ဘာပင်များကို ဂရုတစိုက်ပြုစုရန်၊ အစေးလှီး ရာတွင် စနစ်တကျဆောင်ရွက်ရန်၊ လျာထားချက်ပိုမိုထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။