ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းဆောင်သစ်လှူဒါန်းပွဲကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်းနှင့် ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တို့က ဆောက်လုပ်လှူဒါန်းသော အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်၁၄ ရက်တွင် မန္တလေးတိုင်း အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ဝင်း အတွင်း၌ ကျင်းပသည်။အစီအစဉ်အရ မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးက္ကုဒ္ဓိလနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်းမှ ဌာနခွဲမှူး ဒေါ်သီသီတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး မဟာဂန္ဓာရုံကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံ မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလုပ်အမှုဆောင် ဦးတင်ထွန်းက အမှတ်(၁) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ် စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း၊ ဇနီးနှင့် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ချောမြတ်နွယ် သုံးထပ်ကျောင်းဆောင်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၀န်ကြီး၏ ဇနီး ဒေါ်ခင်ခင်ရီနှင့် မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ကကြီးမှူးကျင်းပသော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညို၍ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
0 comments:
Post a Comment