ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းဒေသ သာရနတောင်ကုန်းမြေ၌ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး ၊ ဓာတ်ပေါင်းစုစေတီ၊ ဖောင်တော်ဦးစေတီ ၊ ဖောင်တော်ဆိပ်စေတီ နှင့် အရံစေတီ စုစုပေါင်း ၂၈ဆူ တို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာန မှ ဗိုလ်ချုပ်ကိုကို တက်ရောက်၍ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့ကို တင်လှူပူဇော်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် ပုသိမ်မြို့ ရတနာအုဋ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒမာလာ ၊ ဧရာဝတီတိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပုသိမ်မြို့ ကုန်းသာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိလာသတို့ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက် တော်မူကြပြီး ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေနှင့် ဇနီး ၊ ပုသိမ်တပ်နယ်မှ ဗိုလ်မှူးချုပ် ဇင်ယော်နှင့် တပ်မတော် အရာရှိကြီးများ ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များ ၊ ဒေသခံများနှင့် ဘုရားဖူးလာ ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။