ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးတိုင်းကြီးတစ်တိုင်းဖြစ်
ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကိုသည် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဆွေနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ပုသိမ်မြို့ ပန်ခြံဆိပ်ကမ်းမှ ရေယာဉ်ဖြင့် ထွက်ခွာလာရာ ဇူလိုင် ၁၆ ရက်နံနက် ၈နာရီခွဲက ငပုတောမြို့နယ်သို့ ရောက်ရှိကြသည်။ရှေးဦးစွာ ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရွှေမြင်တင် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကြပြီး ဗိုလ်ချုပ်ကိုကိုသည် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ ဗိုလ်ချုပ်ကိုကိုက ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အဓိကတိုင်းကြီးတစ်တိုင်းဖြစ်ကြောင်း ၊ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် စက်ယန္တရားများဖြင့် စွမ်းအားပြည့်ထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရန် လိုကြောင်း ၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်မှုများကို ယခင်ကထက် တိုးချဲ့လုပ်ကိုင်စေလိုကြောင်းဖြင့် ပြောကြားသည်။
ထိုမှတဆင့် ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ် ကျုံကူးကျေးရွာရှိ တိုက်နယ်ပြည်သူ့ ဆေးရုံသို့ ရောက်ရှိကြပြီး ဗိုလ်ချုပ်ကိုကိုသည် ဆေးရုံ၌ ဆေးဝါးတက်ရောက် ကုသခံယူလျက်ရှိကြသော လူနာများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်သည်။
0 comments:
Post a Comment