
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် ဗဟိုပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီရုံးတို့၏ စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အလုပ်သမားဝန်ကြီးဌာန ဓမ္မာရုံ၌ကျင်းပသည်။ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည် နှင့်ဇနီး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ၀န်ထမ်းမိသားစုများက နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော် ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ ဘဓ္ဒန္တတေဇောဘာသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံမှ ရေစက်ချ ပရိတ်တရားတော်များ နာယူကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment